Friday, January 24, 2025
HomeEssayဆေးဖက်ဝင်ထနောင်းပင်

ဆေးဖက်ဝင်ထနောင်းပင်

အပူပိုင်းအရပ်ဒေသများတွင် သဘာဝအလျောက် ပေါက်ရောက်လေ့ရှိသော ထနောင်းပင်၏ အရွက်၊ အခေါက်၊အစေးများ သည် ရောဂါများကုသရာ၌ ဆေးဖက်ဝင်သည်။ ထနောင်းပင်တွင် ရိုးရိုးထနောင်းနှင့် သင်္ဘောထနောင်းဟူ၍ ရှိသည်။ ထနောင်း ပင်သည် အေး၊ ဖန်၊ ခါး အရသာရှိသည်။ထနောင်းစေးသည် အလွန်ပူသော လေနာကိုလည်းကောင်း၊ အစာမကြေသော ရောဂါကိုလည်းကောင်း၊ လေချုပ်သောရောဂါကို လည်းကောင်း၊ တစ်ကိုယ်လုံး ထုံကျဉ်ကိုက်ခဲသော ရောဂါကိုလည်းကောင်း၊ အနာကြီးရောဂါကိုလည်းကောင်း သက်သာပျောက် ကင်းစေတတ် သည်။ ဆီးနှင့်ပတ်သက်သည့် ရောဂါများအတွက် ထနောင်းရွက်ကိုအခြောက်လုပ်၍ ရေနွေးပူပူတွင်ခတ် ၍ သောက်ခြင်းဖြင့် သက်သာပျောက်ကင်းစေသည်။ သွားနှင့် ပတ်သက်သော ရောဂါများတွင် ထနောင်းခေါက်ကိုပြာချ၍ ရရှိသောအမှုန့်နှင့် သွားတိုက်ခြင်းဖြင့် လည်း ကောင်း၊ ထနောင်းခေါက်ကို နုပ်နုပ်စင်းပြီးရေနှင့် (၃)ခွက် တစ်ခွက်တင် ပြုတ်၍ မကြာခဏ ငုံလိုက် ထွေးလိုက် ပြုလုပ်ခြင်းဖြင့် လည်ကောင်း သက်သာပျောက်ကင်းစေသည်။

ဒူးနာ၊ အဆစ်ရောင်ခြင်း၊ ဖောရောင်ခြင်းအတွက် ထနောင်းခေါက်ကို သွေး၍ လိမ်းပေးခြင်းဖြင့် သက်သာစေသည်။ “နွေထနောင်း၊ ဆောင်းမန်ကျည်း” ဟူသော စကားနှင့်အညီ နွေရာသီတွင် ထနောင်းရွက်ကို သုပ်စားခြင်း၊ ဆောင်းတွင်းတွင် မန်ကျည်းဖျော်ရည် သောက်ပေးစေခြင်းဖြင့် ခန္ဓာကိုယ်အတွင်းရှိ အပူကိုငြိမ်းစေပါသည်။ ကိုယ်ငွေ့အပူချိန်ကို ညီညွတ်မျှတစေပြီး အပူဒဏ်ကို ခံနိုင်စွမ်းရှိပါသည်။

Via : “ဆေးဖက်ဝင်ထနောင်းပင် – ဝတ်ရည်” (7DayNews ဂျာနယ်၊ Arpil 9 2009)

RELATED ARTICLES

LEAVE A REPLY

Please enter your comment!
Please enter your name here

Most Popular