Sunday, September 8, 2024
HomeChindwinချင်းတွင်း

ချင်းတွင်း

တိုက်ပွဲဝင် ယမ်းငွေ့တွေ
ရနံ့မပျယ်သေးတဲ့ မြစ်…
ကဝိ ပညာ သီးနှံတွေ ပေါက်ဖွား
တစ်ပြည်လုံးညွှတ်အောင် ရေခံမြေခံကောင်းတဲ့ မြစ်
ငြိမ်းချမ်းရေးအလင်းရဖို့
ဒဏ်ရာတွေနဲ့ မီးခတ်တဲ့ မြစ်
နာမ်စီးတဲ့ ချင်းတွင်း
အချင်းချင်း အတွင်းစည်းလုံးတဲ့ မြစ်
ကမ်းဖြိုသူတွေကြောင့်
မြစ်မကောအောင်
ရင်ကော့တင်းခံနေရတဲ့ မြစ်
အနီ၊ အဖြူ၊ ပန်းရောင်နဲ့
အရောင်အမျိုးမျိုး
ကြပ်ခိုးမှိုင်း တိုက်ခံရတဲ့ မြစ်
(ရေမှာ အရောင်အဆင်းမရှိဘူးဆိုတာ မသိကြသူတွေလေ)
ရာဇဝင်အိုးကို မနိုင်ဝန်အားနဲ့
ထမ်းထားရတဲ့ မြစ်
လောကဓံရှစ်ပါးကို တည်ငြိမ်တဲ့ အရေလျင်နဲ့
တရားချပေးတဲ့ မြစ်
ဒိုင်ယာရီ စာမျက်နှာအချို့မှာ
လက်သီးကို ကွယ်ဝှက်ထားရတဲ့ မြစ်
သွေးကြောတွေ ဖောက်ထုတ်လိုက်
ပြန်ပိတ်လိုက်နဲ့
အပ်ရာ ဗရပွသာ ကျန်ခဲ့တဲ့ မြစ်
အနာမကျက်သေးတဲ့ အတိတ်ကို
သွေးနဲ့ ဖန်ဆေး
ကိုယ့်လျှာနဲ့ ကိုပြန်လျှက်ပေးနေရတဲ့ မြစ်
ဝါဆို ဝါခေါင်ဆို ရင်ပြည့်ရင်ကယ်မကြေလှယ်မှုတွေ
ကမ်းလုံးပြည့်လျှံ
တစ်ခါတစ်ခါ
နေရာမတော်မှာ အော့အန်တဲ့ မြစ်
ဘာဖြစ်ဖြစ် မြစ်ဟာ
ချင်းတွင်းဂုဏ်ပုဒ်နဲ့
အတင်းအဖျင်းတွေ မထုတ်ဘူး
ရိုးတွင်းခြင်ဆီက လာတဲ့
အမှန်တရားစိတ်ကလေးတော့ ရှိတယ်။ ။

အောင်နေမျိုး

Via : (ချင်းတွင်းသားများအဖွဲ့ ၏ Facebook စာမျက်နှာမှ တစ်ဆင့် ကူးယူဖော်ပြ ပါသည်။)

RELATED ARTICLES

LEAVE A REPLY

Please enter your comment!
Please enter your name here

Most Popular