Sunday, September 8, 2024
Homeယင်းမာပင်အညာပုံရိပ်အချို့

အညာပုံရိပ်အချို့

ကျွန်တော်တို့ အညာက အလှူပွဲလှည့်တဲ့ ပုံလေးတွေ ရလာလို့ တင်လိုက်တယ်ဗျာ…၊ အားလုံးက ဆုရထားတဲ့ ဓါတ်ပုံတွေ ချည်းပါပဲ။ ဓါတ်ပုံ ခေါင်းစဉ်နဲ့ ဓါတ်ပုံရိုက်သူတွေကိုလည်း ဓါတ်ပုံအောက်မှာ ဖော်ပြပေးထားပါတယ်။ အဲ…. ခုလိုလုပ်တာ မူပိုင်ခွင့်နဲ့ ငြိ/မ ငြိတော့ သေချာမသိဘူးဗျ၊ ကြိုက်လို့တော့ တင်လိုက်တာပဲ….

Title : ကျေးလက်ဒေသ အလှူပွဲတွင် ရှင်လောင်းလှည့်စဉ်
Photo : စစ်ကိုင်းအောင်ကျော်တင် (တင်မောင်ဓါတ်ပုံ)

Title : ကျေးလက်ဒေသ အလှူပွဲတွင် ရှင်လောင်းလှည့်စဉ်
Photo : မြင့်သိန်းဦး (ရွှေလီ)

Title : တံတားဦးမြို့နယ် သဲမောင်းကန်ရွာ အလှူလှည့်စဉ်
Photo : ကျော်ထူး (ပန်းဝတ်မှုံ)

Title : မြန်မာ့ရိုးရာ ရဟန်းခံ ရှင်ပြုအလှူပွဲတွင် ရှင်လောင်းလှည့်ကြစဉ်
Photo : ကျော်ဝင်းလှိုင် (ယဉ်ကျေးမှုတက္ကသိုလ်)

ကျွန်တော်တို့ ယင်းမာပင်မြို့နယ် အနီးတစ်ဝိုက်မှာတော့ အလှူပွဲ ရှင်လောင်းလှည့်ရာမှာ အရင်က မြင်းကို အများဆုံးသုံးကြတယ်၊ တတ်နိုင်တဲ့ သူတွေကတော့ ဆင်ကိုပါ ထည့်ကြတာ တွေ့ဖူးတယ်။ အခုနောက်ပိုင်းမှာတော့ ကားတွေနဲ့ လှည့်လာတာကို တွေ့ ရတယ်၊ ဒါကလည်း ခေတ်ကာလအလျောက် ပြောင်းလဲမှုလို့ ဆိုရမလားပဲ…။ စစ်ကိုင်းဘက်မှာတော့ ရွှေလှည်းတွေနဲ့ ခုထိ လှည့် ကြတုန်းပဲ၊

– Left –
Title: စစ်ကိုင်းမြို့ ညောင်ပင်ဝန်းကျေးရွာ အလှူပွဲ
hoto : စစ်ကိုင်းအောင်ကျော်တင် (တင်မောင်ဓါတ်ပုံ)
-Right –
Title : ကျေးလက်ရိုးရာ အလှူမင်္ဂလာပွဲ
hoto : အောင်ကျော်ထွန်း (ပုသိမ်ကြီး)

RELATED ARTICLES

LEAVE A REPLY

Please enter your comment!
Please enter your name here

Most Popular