ချင်းတွင်း၊ ချင်းလူမျိုးနှင့် ဖိုးဝင်းတောင် မရှင်းမရှင်းများ
ပိုစ်ခေါင်းစဉ်ကိုကြည့်ပြီး တော်တော်လေး မျက်စိလည်သွားမလားတော့ မသိဘူး။ ချင်းတွင်းနဲ့ ချင်းလူမျိုး ဘာဆိုင်လို့လဲဆိုပြီး မေးစရာလည်းရှိပါတယ်၊ "ချင်း" ဆိုတဲ့ စကားလုံးချင်းတော့ တူတယ်လေလို့ အရင်ဆုံး ပြန်ပြောရပါလိမ့်မယ်။ နောက်ပြီး... ကျွန်တော်တို့တွေ သမိုင်းကို အနည်းငယ် စိတ်ဝင်စားလေ့လာ မိမယ်ဆိုရင် စကားလုံးတွေ၊ အမည်တွေ တူနေတာဟာ အလကားတူနေတာ...
ရွာလေးဆီက ကဗျာပဲ့တင်သံ
အခုတလော အလုပ်များတာနဲ့ တစ်လတစ်ခါတင်နေကျ ပိုစ့်လေတောင် မတင်ဖြစ်တော့ဘူး။ သ င်္ကြန်တုန်းက အစ်ကိုတစ်ယောက်ဆီက ရခဲ့တဲ့ တမာပင်ခွ ကဗျာစာအုပ်လေးထဲက ကဗျာလေးကိုဘဲ မျှဝေပေးချင်ပါတယ်။ကျွန်တော်အနေနဲ့ကတော့ အရင်က ကဗျာအနုပညာနဲ့ အလှမ်းဝေးတယ်လို့တောင် ပြောလို့ရပါတယ်။အခုကျွန်တော်အတွက်ကတော့ ကဗျာစာအုပ်တွေထဲမှာ ရည်စားဦးလို့ ခေါ်နိုင်မယ့် စာအုပ်လေးဖြစ်လာပါပြီ။ဘာဖြစ်လိုလဲဆို တော့ ဒီကဗျာစာအုပ်လေးကိုစဖတ်ပြီးမှ ကဗျာလေးတွေကို...
အံသြလွန်းလို့ သေတော့မယ်
အပြောင်းအလဲ
ဒီတစ်ခေါက် ယင်းမာပင်ကို ပြန်ရတာ ကြားရတဲ့ သတင်းတွေကတော့ အားတက်စရာကြီးဘဲ။ဘာတဲ့..ချင်းတွင်းမြစ်အနောက်ဘက်ကမ်းရဲ့ ခရိုင်မြို့ဆိုပါလား။မြစ်အနောက်ဘက် ဆားလင်းကြီး၊ကနီ၊ပုလဲ၊ယင်းမာပင်မြို့လေးမြို့ထဲက ယင်းမာပင်ကိုခရိုင်မြို့အဖြစ်သတ်မှတ်မယ်တဲ့။
အဓိက လမ်းပန်းဆက်သွယ်ရေးအချက်အခြာ ကျလို့ဖြစ်မယ်ထင်တယ်။ ခရိုင်ရုံးကို စက်မှုလယ်ယာအနောက်ဘက်မှာ ဆောက်မယ်လို့လည်း ကြားသိရပါတယ်။တဆက်တည်း ယင်းမာပင်မြို့ အထက ကျောင်းဝင်းအတွင်းမှာလည်း ခန်းမဆောင်သစ်အတွက် အစိုးရမှ (၅၇၀) သိန်း
ချပေးတယ်လို့ သိရပါတယ်။၂၀၁၃-၂၀၁၄ နှစ်အတွင်း...
Essay
ချင်းတွင်းအခက် ထမံသီအချက်
မြန်မာနိုင်ငံ၏ အသက်သွေးကြောသည် ဧရာဝတီဟု ဆိုကြသည်။ ဧရာဝတီ၏ အသက်သည် ချင်းတွင်းဟု ဆိုအပ်သော် မမှားနိုင်ပေ။ ဧရာဝတီမြစ် အတွင်းသို့ စီးဝင်သည့် အကြီးဆုံး ရေဝေမြစ်ဖြစ်သော ချင်းတွင်းမြစ်ကို နောင်လာ နောက်သားတို့ မြင်ရပါစေဟု မေးခွန်းထုတ်စရာ ဖြစ်လာသည်။
အဘယ့်ကြောင့်ဆိုသော် အိန္ဒိယနိုင်ငံ...
ဆည်တဲကို ဘယ်သူကယ်မလဲ
အဲဒီနေ့က မှတ်မှတ်ရရ နှစ်ဆန်းသုံးရက်နေ့ကတော့်။ မနက်ဖြန်ဆို ကျုပ်တို့ရွာထဲမှာ အလှူရှိတယ်ဆိုတော့ ကျုပ်တို့လည်း ယာလုပ်ငန်းလေး
ပြီးရင် စောစောပြန်မယ်ပေါ့လေ။ အဲဒီလိုနဲ့ နေထန်းတဖျားအချိန်လောက် ရှိမှာပေါ့။ ဟိုဘက်ယာထဲမှာ မြေတွေလာပုံနေတယ်လို့ သတင်း
ကြားပါရောလား။ အပြေးသွားကြတာပေါ့။ အမယ်လေး။ ကျုပ်တို့မှ နောက်ကျနေသေးတယ်။ ဟိုကောင်မ တွေကရောက်တောင်နေပြီ။
ပုံလက်စမြေဘေးမှာ ကားတစ်စီးတွေ့တယ်။ ကားပေါ်မှာက...
နှလုံသားနံရံပေါ်က မြို့ကလေး
အခုတလော ကပိုကယိုလေးလှနေတဲ့ယင်မာပင်ဆိုတဲ့ မြို့လေးနဲ့ ဟိတ်ဟန်များလှတဲ့ ရန်ကုန်မြို့ကြီးနဲ့ နှိုင်းယှဉ်နေမိတယ်။
မြို့ကြီးရဲ့ အဆင့်မြင့် 3D ရုပ်ရှင်ကားကြီးတွေကိုလည်း ကြည့်ဖူးပါရဲ့။ဒါပေမဲ့ နှလုံးသားနံရံပေါ်က ဝင်းဗီဒီယိုရုံးလေးကို ဘာကြောင့် မယှဉ်နိုင်တာလဲ။နေလည်းခင်းပြမဲ့ ဇာတ်ကားကို မနက်ခင်းတိုင်း မြေဖြူကာလာစုံနဲ့ရေးတဲ့ ဘုတ်ကြီးကို အမောတကောသွားကြည့်ဖူးပါရဲ့။ ကျန်တဲ့ကားတွေမှာတော့ လူကပုံမှန်ဆိုပေမဲ့ ဂျက်ကီချန်းကားဆိုရင်တော့ ရုံးပြည့်ရုံလျှံပါဘဲ။မိုက်ကယ်ကြက်ဆင် ကြီးရဲ...
ကျွန်တော့်ဇာတိမြို့လေး (၂)
သံတံတားကြီး အနောက်ဘက်ခြမ်းကို တစ်နည်းပြောရင် မြို့တွင်းပိုင်းလို့ ခေါ်နိုင်ပါတယ်၊ လမ်းရဲ့ ဘယ်ဘက် တစ်လျောက်မှာ လူနေအိမ်နဲ့ စတိုးဆိုင်အချို့ ရှိပြီး လမ်းရဲ့ညာဘက် တစ်လျောက်မှာတော့ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးရုံး၊ မာန်ဘရာဘုန်းကြီ:ကျောင်း ၊ ရွှေစေတီဘုရားဝင်း၊ ဇောတိက ဘုန်းကြီ:ကျောင်း တို့ ရှိပါတယ်။ ဇောတိက ဘုန်းကြီးကျောင်းမှာ...
လွတ်ကျခဲ့သောနှလုံသား
လွဲလွဲလေးလည်းကောင်းပါတယ် လို့ ထူအိမ်သင်သီချင်းထဲကလို ဟစ်ရမလိုဖြစ်နေပြီ။အော်…ကိုယ်မြို့ကိုယ်ရွာမှာ ရောက်တုန်းရောက်ခိုက် ရယ်စရာ အလွဲလေးတွေနဲ့လည်း ကြုံခဲ့ရသေးတယ်။ မြင်းကျားဆိုတာ ချိုနဲ့လာကွဲ့လို့ မေးရမလိုဖြစ်နေပြီ။မြို့ကြီးတွေမှာတော့ လူတွေက လူကူးမြင်းကျားကို ဖြတ်လို့။ကိုယ်မြို့လေးမှာတော့ လူကူးမြင်းကျားဆိုတာကို အထူးအဆန်းအနေနဲ့ ရှောင်ပြီး သွားနေကြလေရဲ့။ နောက်ပြီး ရှိသေးတယ်။ ဘယ်ဂျာနယ်မှန်းတော့ မမှတ်မိတော့ဘူး။ယင်းမာပင်သတင်းဆိုလို့ အသည်းအသန် ကြည့်လိုက်ရင်...
MAKE IT MODERN
LATEST REVIEWS
မြောက်ယမားချောင်း
ယမားဆိုတာ ဘာလဲဗျ
"အရိုးရှည်တပ်ထာတဲ့ နန်းသုံးယပ်ဝိုင်းတွေကို ယပ်မား ခေါ်ကြတယ်။ အသံထွက်တော့ ယမားလို့ ထွက်ကြတယ်။ ချောင်းရိုး တစ်လျှောက် ယပ်ရိုးလိုစီးလာရာက ချောင်းဝမှာ ယပ်ရွက်လိုကျယ်ပြန့်သွားတဲ့ ချောင်းတွေလို့ သဘောရမယ် ထင်တယ်။"
မြောက်ယမားချောင်း
တောင်ယမားချောင်း၊ မြောက်ယမားချောင်း ဆိုပြီးနှစ်မျိုး ရှိပါသည်။ တောင်ယမားချောင်းက မိုးဦးကျချောင်းဖြစ်၍ ကျန်ရာသီတွေ မှာ ချောင်းခြောက်ဟု...
မြို့ကလေးအတွက် သီချင်း
Download
ကိုယ့်ရဲ့ မြို့ကလေးဆီ − ရင်ဂို
နေ့စွဲများနဲ့ဘဝက
ချည်နှောင်လို့
အဆုံးသတ်လည်းမရှိ
နေ့တိုင်း အလွမ်းတေးတစ်ပုဒ်တော့
အကြိမ်ကြိမ် ဆိုညည်း
ငါကိုယ်တိုင် ထားပစ်ခဲ့တဲ့
ကိုယ့်မွေးရပ်မြေ မြို့လေး
တကယ်ကို ကြိုလင့်တော့
ပြန်လာခဲ့မယ်
မိုင်တွေအများကြီးအဝေးက
ကိုယ့်ရဲ့မြို့ကလေးဆီ
ပြန်လာခဲ့မယ်
မိုင်တွေအများကြီးဝေးတဲ့
တို့ရဲ့မြို့ကလေးဆီ
မေ့ထားဖို့ တကယ့်ကို မဖြစ်တဲ့
(အဓိပ္ပါယ်ရှိတဲ့....)
နေရာဟောင်းလေး
မြို့ကလေးရဲ့အဝေးမှာ
နာကျင်စွာနဲ့
ပစ်သွားပြီးမှ
ကိုယ့်အား ခွင့်မပြုခဲ့တဲ့
ချစ်တဲ့သူလေး ကျေနပ်စေဖို့
ဘဝလေးတစ်ခုကို တည်ဆောက်ဖို့
ပြန်လာခဲ့မယ်
မိုင်တွေအများကြီး ဝေးတဲ့
ချစ်တဲ့ မြို့ကလေးဆီ
CHO:
ဟိုး ကိုယ်မြို့ကလေးက
ခုချိန်ဆို
မှတ်မိဦးမလားတွေး
သိပ်ပြီးသတိရလွန်းလို့
ကိုယ်ပြန်ခဲ့မယ်
မိုင်တွေအများကြီး ခြားတဲ့
ကိုယ့်ရဲ့ မြို့ကလေးဆီ
CHO: ...
HOLIDAY RECIPES
ပြည်တော်ပြန် (၁)
ငယ်မူပြန်ချင်တာလေး တစ်ခုနဲ့ပဲ
ဘုရားသခင်ဆီသွားတဲ့ ခရီးစဉ်ပေါ့
မျှော်လင့်ချက်ကို လက်ခံဖို့
တမာနံ့ကလေးကို ပြန်စို့ဖို့
တစ်ကျော့နှစ်ကျော့ တေးကိုသီရင်း
ဓားကိုသွေးရင်း
ကျားကိုကျွေးရင်း
အမေကြီးရဲ့ မြေးတွေ လူလားမြောက်ခဲ့ပြီ။
ဒီတစ်ခါ ယင်းမာပင်ကို ပြန်ရတာ တော်တော်လေး စိတ်ထဲမှာ လေးလံနေမိတယ်၊ ဘာဖြစ်လို့လဲဆိုတော့ (၃)ရက်လောက်ပဲ နေခွင့်ရတဲ့ အတွက်ရယ်၊ လုပ်ချင်တာတွေ များနေတာရယ်တွေ ကြောင့်ပါပဲ။ အွန်လိုင်းပေါ် ပြန်တက်ပြီး လုပ်ချင်တဲ့ ဟာလေးတွေလည်း...